မြန်မာသံစဉ် ချိုနားဝင်

ကျွန်တော်ငယ်ငယ်ကတည်းက မြန်မာတေးတွေကိုနှစ်သက်တယ်....

ကျွန်တော်ငယ်ငယ်ကတည်းက မြန်မာတေးတွေကို နှစ်သက်တယ်ဗျ ... နှစ်သက်တယ် ဆိုရာမှာ နည်းနည်းပါးပါးလောက် ဆိုတာညည်းတာမျိုးမဟုတ်ဘဲ တော်တော်လေးကို အရူးအမူး စွဲလန်းစွာသီဆိုလေ့ ရှိတယ်... အိမ်မှာနေရင်း ...၊ ကျောင်းမှာစာရေးရင်း..၊ နေရာတကာမှာဗျာ..... သီချင်းဆိုနေလေ့ရှိတယ်.. ပြီးတော့ မြန်မာသံကိုမှ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ရှိတယ်... တွံတေးသိန်းတန် သီချင်းတွေဆို အကုန်နီးပါး ကြိုက်တယ်... ကိုတင်လှိုင်၊ မာမာအေး၊ ချိုပြုံး၊ စန္ဒရားချစ်ဆွေ၊ ကိုမင်းနောင်... အများကြီးပါပဲဗျာ.. အခုတော့ အေးအေး ဆေးဆေး ရှိတဲ့အချိန်လေးတွေမှာနားထောင်ဖို့ သီချင်းလေးတွေ စုမယ်လေ.. အရင်ဆုံး ကိုယ့်ဆီ ရှိတာလေးတွေကို ရောက်ရာ အင်တာနက်ရှိတဲ့နေရာက နားထောင်လို့ရအောင် လုပ်ထားရမယ်ပေါ့ စဉ်းစားမိတာပါ... ဒီမနက်တော့ သီချင်းလေးပုဒ် တင်ဖြစ်ခဲ့တယ်... ကိုမင်းနောင်ရဲ့ ဂျင်မလေးဂျမ်းချစ်မိုးကြီးမာနရှင် နဲ့ ဂုဏ်မြင့်သူ ။ အိုကေ.. ဒီလောက် ဆိုရင်တော့ တော်လောက်ပြီ ကွန်ပျူတာကို ဒီထက်ပိုကျွမ်းကျင်အောင် လုပ်ရအုံးမယ်... ဒါမှ ကျွန်တော် လုပ်ချင်တာတွေ လုပ်နိုင်မှာ ချစ်မိတ်ဆွေ.... ဦးမင်းနောင်ရဲ့ သီချင်းလေးတွေကို နားထောင်ကြည့်ပါလားဗျာ...

မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါဆိုလဆုတ်...

မြန်မာသက္ကရာဇ် ၁၃၆၉နှစ်၊ ၀ါဆိုလဆုတ် (၆) ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၇ ခုနှစ် သြဂုတ်လ (၄) ရက် စနေနေ့ နံနက် ၀၀ နာရီ ၁ မိနစ်တွင် စီခရေဇီ၏ ကိုယ်ပိုင်ကမ္ဘာသစ်ဖြစ်သော လွတ်လပ်သော ပန်းဝတ်လွှာ နိုင်ငံတော်ကို စတင်ထူထောင်လိုက်သည်။ ပန်းဝတ်လွှာ နိုင်ငံတော်ကို အနုအလှ သမုဒယကဗျာ လေးများ.. အနုအလှ သုခုမ ထံတျာတေးများ... ပြုပြုသမျှ လူ့ဒဿနများ၊ ငြိမ်းချမ်းသော ယဉ်ကျေးသော မြန်မာဆန်သော အတွေးလေးများနဲ့ တည်ထောင်ခြင်းဖြစ်ပြီး ၀င်ရောက် ကြည့်ရှုသူချစ်မိတ်ဆွေများကို ဘယ်အချိန် ဘယ်အခါမဆို နွေးထွေးပျူငှာစွာ ကြိုဆိုနေမည်ဖြစ်ပါသည်....