ကိုင်း ... ခုတော့ ဘယ့်နှယ်ရှိစ ... လူအများရဲ့သာယာနေတဲ့ အွန်လိုင်းကမ္ဘာလေး အခုတော့ အခက်အခဲတွေနဲ့ ကျော်ဝင်ရ ... ခွဝင်ရ ... ငုံ့ဝင်ရ... တယ်စိတ်ပျက်ဖို့ ကောင်းတယ်.. အရပ်ကတို့ရေ... ဘာမှအရာမရောက်တဲ့ ခင်ဗျားတို့ဇာတ်လမ်းတွေကို အေးချမ်းစွာနေထိုင်လိုတဲ့ ကျွန်တော်တို့ရဲ့ အွန်လိုင်းကမ္ဘာပေါ် ယူမလာကြပါနဲ့..... စိတ်ဓါတ်ရှိတာ မရှိတာ ခံစားမှု အောက်တန်းကျတာ မကျတာ နောက်မှထား ... အွန်လိုင်းပေါ်မှာတောင် အေးအေးမနေရတော့တာ အတော်ဆိုးတယ်... google video ပိတ်သွားတယ်... http://www.mediafire.com/ ပိတ်သွားတယ်.. နောက် အများကြီးပဲအတော်ကို ကသိကအောက်ဖြစ်ရတယ်... အရှုံးသမားတွေ.... တကယ် ကျွန်တော်စိတ်တိုတယ်.. အခုတော့ စိတ်တိုတိုနဲ့ပဲ ကျော်ခြင်း ခွခြင်း ဆိုင်ရာ ပရိုဂရမ်လေးတစ်ခု တင်အုံးမယ်..

u87 တဲ့ ....technical seven ဖိုရမ်ကနေ တွေ့ခဲ့တာ... အဲဒါလေးရထားရင် မဆိုးဘူး... ဖရီးဒမ်းခံသုံးနေရတဲ့ ဒုက္ခရယ်.. ဖရီးဒမ်း အပ်ဒိတ် လုပ်ရတဲ့ ဒုက္ခရယ်... ငြိမ်းသွားမယ်... Install လုပ်စရာမလိုဘူး... ဖိုင်လေးကလည်း သေးသေးလေးရယ်... ရပြီးရင် double click လုပ်လိုက်ယုံပဲ.. အသေးစိတ်အသုံးပြုပုံကိုတော့ http://www.padonma.com/ ဖိုရမ်မှာ မရှိမဖြစ်ဆော့ဖ်ဝဲများ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော် မူရင်းဖိုရမ်ကနေ ကူးတင်ပြထားပါတယ်... ဖတ်ကြည့်ပါ.. အိုကေကြပါစေ..

ထိုးကွင်းလေးနဲ့ခြင်းခတ်သူ

ဘလော့ဂ်လည်း မရေးရတာကြာလှပေါ့ ပြောပြရအုံးမယ်... လူ့ဘုံရပ်ရွာမှာ ပူစရာပင်စရာများလွန်းလို့ အွန်လိုင်းပေါ်လာတက်နေကာမှ ကျုပ်တို့ဘ၀ကတော့ အသုံးချမမှန်သူတစ်စုကြောင့် ဘလော့ဂါအဘန်းခံရခြင်းနဲ့ အဆုံးသတ်ပါတယ်... ဒါပေမယ့် အားမလျှော့ကြနဲ့ဝေး ထုံးစံအတိုင်းကျော်ကြခွကြ ဆက်လက် ဝေမျှကြတာပေါ့.... ယဉ်ကျေးလှပတဲ့ တက်ကြွစရာ မြန်မာ့ ရိုးရာခြင်းပညာကို ထင်ပေါ်အောင်ဖွဲ့ထားတဲ့ တေးတပုဒ်အကြောင်း ကြားဖူးကြလား....... `` ထိုးကွင်းလေးနဲ့ခြင်းခတ်သူ ´´ တဲ့ ....နားထောင်ချင်ရင် ဒီကိုလာကြ ဟေ့

Bit Defender 10 Free Edition

Anti virus software for your computer. Developer say that defend every bit of your computer. That is true or false? Can you use it . :D


DIVX Installer

DIVX Codec, DIVX Player, DIVX Converter အစရှိတဲ့

အခေါ်အဝေါ်အသုံးအစွဲတွေကို ကျွန်တော် ရင်းနှီးမိတာ မကြာသေးပါဘူး.. ဖြစ်ပုံက အမ်ပီဖိုး ပလေယာတွေ ကနေ စတာပါပဲ ... သယ်ရင်းတွေက အမ်ပီဖိုးပလေယာ ပေါင်းစုံကို ယူလာပြီး ကျွန်တော့ကို သီချင်း လာထည့်ခိုင်း တတ်တယ်... အဲဒီမှာ ကျွန်တော်က စေတန်ဂေါ့ရဲ့ဘလော့ဂ်က Total Vedio Converter လေးကို ယူပြီးပြောင်းပေးပါတယ်.. ဒါပေမယ့် ကျွန်တော့ကွန်ပျူတာမှာက အဲဒီ ဖိုင်ဖောမတ်တွေကို နားလည်တဲ့ Codec မရှိတဲ့အတွက် အဲဒီ အမ်ပီဖိုး ဖိုင်တွေကို ကြည့်လို့ မရပါဘူး.. အဲဒါနဲ့ စမ်းတ၀ါးဝါး လိုက်ရှာရင်း ဒီ Installer ကို သွားတွေ့ပါတယ်.. တချို့ AVI File တွေက DIVX Codec ကိုသုံးပြီး Convert လုပ်ထားတဲ့ ဖိုင်တွေဖြစ်တာကြောင့် ဥပမာ တရုတ်ကလာတဲ့ (AIGO လို) ပလေယာတွေ ပေါ့နော်.. အဲဒါကြောင့် ဒါလေးကို ရှာထားရတာပါ... လိုအပ်ရင် သုံးနိုင်ဖို့ကို Sidebar ပေါ်က Useful Software မှာ လင့်ခ်တင်ထားပေးလိုက်ပါတယ်ဗျာ...

Today my work are
Some software were uploded. These are useful (i think :P) If someone want these programs , mya work is successful.

computer__crazy

ခံစားချက်တို့ရှိပါတယ်...

လူငယ်တွေဟာလေ...

အမှန်တရားကိုမြတ်နိုးတယ်၊ တရားမျှတမှုကိုလိုလားတယ်၊ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ လာမယ့်ဘေး ပြေးတွေ့ဝံ့တယ်၊ ခွန်အားရှိတယ်၊ ရင်ဆိုင်ရဲတယ်၊ စသည်အားဖြင့် ထူးခြားတဲ့ ဂုဏ်သတ္တိတွေ အများကြီး ရှိနေတယ်၊ အဲဒီလူငယ်တွေမှာပဲ အားနည်းချက် တသီတတန်းကြီး ရှိနေပြန်တယ်၊ ခံစားလွယ်တယ်၊ ယုံလွယ်တယ်၊ အပေါင်းအသင်းခင်မင်တယ်၊ အတွေ့အကြုံနုနယ်တယ်၊ အစရှိသည်ဖြင့်ပေါ့၊ ဒီအခါမှာ အဲဒီ အားနည်းချက်ကို ချုပ်ကိုင်ပြီး အားသာချက်တွေကို စုပ်ယူခံရတာမျိုးတွေ သမိုင်းနဲ့ချီပြီးရှိလာတယ် ကောင်းသူရဲ့ ထိန်းသိမ်းကွပ်ကဲမှုအောက်ရောက်သွားတဲ့ လူငယ်ဟာ လူတော်လူကောင်းလေး ဖြစ်လာတယ်... ကိုယ်ကျိုးရှာသမားတွေရဲ့ ချုပ်ကိုင်မှုအောက် ရောက်သွားတဲ့လူငယ်တွေကတော့ အမှောင်ထဲမှာ တ၀ဲလည်လည်ပေါ့၊ ပြီးတော့ မှောင်ခြင်း လင်းခြင်း မှန်ခြင်း မှားခြင်းဆိုတာကလည်း လူရဲ့ ကိုယ်ပိုင်ခံစားချက်ကို အတ္တက အဓိပ္ပါယ်ဖွင့်ဆိုမှုသာဖြစ်တဲ့အတွက် အမှောင်ထဲ ရောက်နေသူကလည်း ငါလင်းနေတယ်လို့ ခံစားတတ်သလို အလင်းထဲကလူကလည်း အားမလိုအားမရ အတ္တကြောင့် ငါ့ဘ၀က မှောင်နေတယ်လို့ ထင်မှတ်တတ်ကြပြန်တယ်...(ဒီအကျင့်က လူငယ်တွေမှာ အဖြစ်များတယ်၊ ကိုယ့်ကို အသက်နဲ့ရင်းပြီးမွေးခဲ့တဲ့ မိဘရင်ခွင်အောက်နေနေရတာကို လုံခြုံတယ်မထင်ဘဲ ချစ်သူကလွဲရင် အားကိုးစရာမမြင်ဆိုတာမျိုး) အဲဒီတော့ လင်းခြင်း မှောင်ခြင်း မှန်ခြင်း မှားခြင်းတို့ကို ဘာပေတံနဲ့ တိုင်းတာကြမလဲ၊ ဒါတွေဟာ နိစ္စလား အနိစ္စလား၊ တဒင်္ဂလား ထာဝရလား၊ စောင့်ရမှာလား ဖောက်ရမှာလား၊ မှေးလိုက်ရမှာလား အဝေးက လိုက်ရမှာလား... ဦး ဆောင်ရမှာလား အနောက်ကလိုက်ရမှာလား... ထောက်ခံမှာလား ဆန့်ကျင်မှာလား... ကြား နေမှာလား.. ဒါတွေအားလုံးကို လူသားအတ္တနဲ့ ဆုံးဖြတ်ကြတယ်.. လောကကြီးက နက်နဲတယ်... လွယ်မယောင်နဲ့ ခက်ပါတယ်... တိမ်မယောင်နဲ့ နက်ပါတယ်။ ရန်သူအသွင်ဆောင်သူက ရန်သူအစစ် ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ရင်လည်းဖြစ်မယ်။ ဒါကအရေးမကြီးဘူး။ မိတ်ဆွေအသွင်ဆောင်နေသူက ရန်သူဖြစ်နေမှာသာ လုံးဝ အရေးကြီးတယ်။ မျက်မြင်အချက်အလက် လုပ်ရပ် ဒါတွေဟာ ရန်သူလား မိတ်ဆွေလားဆိုတာကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့အချက်မဟုတ်ပါဘူး။ ထင်ကြေးပေးယုံလောက်ပါပဲ။ လူငယ်တွေက အတ္တစေရာကို မလိုက်မိဖို့ရာ လောကကြီးထဲ တောင်ပံဖြန့်ဖို့လိုတယ်။ သို့သော် တောင်ပံဖြန့်ရင်းနဲ့ အချိန်တော်တော်များများ ကုန်သွားနိုင်သေးတယ်။ အသိတရားခိုင်မာပြီလို့ ယူဆရတဲ့အချိန်ကျတော့ ငယ်သွေးငယ်အားတွေက ခန်းလုပြီ ဆိုတာမျိုးမဖြစ်ရအောင် ရှေ့ကတောင်ပံ ဖြန့်ခဲ့သူတွေရဲ့ အတွေ့အကြုံ ဗဟုသုတတွေကိုလည်း ရှာမှီးတတ်ရမယ်။ ဒါဆိုရင် လူကြီး တစ်ယောက်ဆီ နှစ်နာရီလောက် အချိန်ကုန်လိုက်ရင်၊ မိမိကိုယ်တိုင် တောင်ပံဖြန့်ကျက်ရှာဖွေမှရမယ် အနှစ်နှစ်ဆယ်စာလောက် အသိ ရကောင်း ရနိုင်တယ်။ ခေါင်းအုံးလောက်ထူတဲ့ စာအုပ်ပုံ ကြီးထဲမှာလည်း နစ်မနေနဲ့အုံး၊ တကယ်တော့ ဘ၀ဆိုတာ သီအိုရီတစ်ခုလို တွက်ထုတ်ယူကြလို့ ရတဲ့အရာမဟုတ်ပါဘူး၊ ဦးတည်ချက်ရှိပါလျက်နဲ့ကို လမ်းခွဲပေါင်းများစွာမှာ လားရာလွဲသွား တဲ့လူတွေအများကြီး၊ အဲဒီမှာ မိမိဘာလုပ်ရမယ်ဆိုတာကို ဦးတည်ချက်မရှိဘဲ အူကြောင်ကြောင် ယောင်နန နဲ့ မီးစင်ကြည့်ကမယ့် လူကလေးတွေက ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်၊ တွေးသင့်တယ်၊ လူငယ်တွေ တွေးသင့်တယ်လို့ ကျွန်တော်လည်း တွေးမိပါတယ်....

ကစ်စပါစကိုင်း အင်တီဗိုင်းရပ်စ်လိုင်စင်ကီးဖိုင်


Kaspersky Antivirus6.0 License key ကီးဖိုင်ကို လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်လုပ်လိုက်ပါ ("ကီးဖိုင်") kaspersky က Activate လုပ်ခိုင်းရင် Use Exitsing License key ကိုနှိပ်ပြီး Browse ကနေ မိမိဒေါင်းလုပ် လုပ်ထားတဲ့ဖိုင်ရဲ့တည်နေရာကို ညွှန်ပြလိုက်ရုံပါပဲ အဆင်ပြေပါစေ...

လူငယ်နဲ့ရိုးရာ

ဒီနေ့ခေတ် လူငယ်တော်တော်များများဟာ ရိုးရာသံစဉ်တွေကို မခံစားတတ်တော့တာ

များလာတယ်လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင် ခေတ်လူငယ်တစ်ယောက်ပါ၊ ဒါပေမယ့် တောမှာမွေးလာတဲ့ တောသားမို့ မြန်မာသံကြိုက်တယ်လို့ ပြောမလား ၊ ဒီလိုတော့ မဟုတ်ပါဘူး ကျွန်တော် ခေတ်သီချင်းအားလုံး နီးပါးကို ခံစားနိုင်တယ်၊ နှစ်သက်တယ်၊ ရက်ပ်ကိုတောင် နှစ်သက်ပါတယ်၊ ဆိုလိုတာက သံစဉ်တိုင်းကို ကျွန်တော် နှစ်သက်ပါတယ်၊ ဂစ်တာတီးရင်း သီချင်းဆိုလေ့လည်းရှိပါတယ်၊ ဒါပေမယ့် မြန်မာသံစဉ်တွေကိုကျတော့ ပိုပြီး မြတ်မြတ်နိုးနိုး ရှိတယ်လို့ဆိုလိုတာပါ၊ ဒါကို အရင်ပို့စ်မှာရေးခဲ့ပြီးပါပြီ၊ ကျေးလက်တေးတွေထဲကဆိုရင် တွံတေး ဦးသိန်းတန် ဆိုခဲ့တဲ့ သီချင်းလေးတွေပေါ့၊ ကျွန်တော်တို့ မြန်မာ့ လူမှုဘ၀ကိုတေးသံမှာ ထင်ဟပ်နေစေတယ်၊ ပြီးတော့ အခြားဂန္တ၀င်ခေါ်လောက်တဲ့ တေးသီချင်းတွေလည်း အများကြီးပါ၊ ဒါပေမယ့် မြန်မာလူငယ်ထုကြားမှာ မြန်မာဆိုင်းဝိုင်းကြီးနဲ့ သီဆိုတဲ့တေးသီချင်းတွေဆိုရင် အရမ်း ရှားပါးယုံမျှမက အသစ်လည်းထွက်ခဲ ထွက်ရင်လည်း နားထောင်ခဲ နှစ်သက်ခဲ ကြတဲ့အတွက် တိမ်ကော ပျောက်ဆုံးသွားမှာနှမြောတသလို့ မဆုံးပါဘူး၊ ဒီအချိန်မှာပဲ မြန်မာမှု သဘင်နယ်ပယ်မှာ ပွဲမထွက်မီ အရင်ဆုံး ပြုလုပ်ရတဲ့ ရိုးရာနတ်တွေကို ပူဇော်ခြင်းအစီအစဉ်မှာ တီးတဲ့ အပျိုတော်ပို့ တီးလုံးကို ကိုကျော်သူ ရဲ့ ဆိုဒ်မှာ သွားတွေ့ပါတယ်၊ အနုအလှကာရန် စီခြယ်ထားတဲ့ မြူးမြူး ကြွကြွ မြန်မာသံ နတ်ဒိုးအစစ်ကို နားထောင်မိတဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်း ထ လောက်အောင် ကြည်နူးနှစ်သိမ့်မိပါတယ်၊ နတ်ကိုးကွယ်မှု အယူဝါဒကို အားပေးခြင်းမပေးခြင်း ဘာဘာညာညာ မပြောလိုပါ၊ ကျွန်တော်ပြောလိုတာက ရိုးရာ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ယဉ်ကျေးမှုအမွေကို ပြန်မြင်လိုက်ရလို့ အလွန် ၀မ်းသာမိတယ် ဆိုတာလေးပါပဲ အမ်ပီသရီး ပလေယာမှာ Play လုပ်ပြီး နားဆင်နိုင်ပါတယ်။ တကယ်လို့ ချစ်မိတ်ဆွေလည်း တကယ် နှစ်သက် မိတယ်..၊ သီဆိုလေ့ကျင့် ကြည့်ချင်တယ်ဆိုရင်တော့ သီချင်းစာသားလေးတွေ ပါ ရယူနိုင်ပါတယ်၊ နားထောင်ပြီး.. ကျွန်တော် ပြန်ရေးထားပေးတာပါ။ ချစ်မိတ်ဆွေ ..... သုခုမပညာရပ်အစစ်အမှန်ဟာ တိမ်ကောလုမတတ် ဖြစ်နေပြီ... ခေတ်လူငယ်တွေကိုယ်တိုင်-
  • မူရင်းမပျက် ဆက်လက်အမွေခံထိန်းသိမ်းဖို့ လိုပြီ။
  • ရိုးရာတူရိယာတွေကို ခေတ်မီလာအောင် အဆင့်မြှင့်တင်ဖို့ လိုပြီ။
  • မြန်မာတူရိယာတွေနဲ့ ခေတ်မီအနောက်တိုင်းတူရိယာများ ကို လှပသပ်ရပ်စွာ ပေါင်းစပ်ပြီး မြန်မာသံစဉ်ထွက်အောင် ဖန်တီးခြင်းကို ဆက်လက် ထိန်းသိမ်းဖို့လိုသလို ရိုးရာဂီတကို ခေတ်သစ်ဂီတနဲ့ ရောမွှေပြီး ရုပ်ဖျက်ခံနေရတာကိုလည်း ထိန်းသိမ်းဖို့လိုပြီ လို့ စီခရေဇီက ယူဆတယ်ဆိုရင် သင်လက်ခံမှာလား၊ ငြင်းဆိုမှာလား

ပန်းနဲ့ ကကြိုး


လေမှာ ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေကိုကြည့်ရင်း... အတွေးတစ်ခု ရလိုက်တယ်... မင်းသားလေး တစ်ယောက် ကနေသလိုပဲလို့.. အဲဒါနဲ့ ဆက်စပ်မိသွားလို့ ဗီဒီယိုဖိုင်လေး တစ်ဖိုင် တင်ဖြစ်ပါတယ်.. မင်းသားလေး တစ်ယောက်ရဲ့ ကကြိုး ကကွက်လေးတွေကိုပေါ့ ဆိုကရေးတီး ပွဲတော်တုန်းက ဆုရတဲ့ မင်းသားလေးလေ၊ `ပိုင်ပိုင်´ တဲ့ .. ရုပ်ကလေးချောသလို ကကြိုးက သွက်တယ်.. ချီးကျူးမိတယ် ၊ ဖြစ်နိုင်ရင်တော့ ပိုင်ပိုင့်လို သားလေးတစ်ယောက်မွေးမယ်.. သူ့လိုပဲ ကကြိုးလေးတွေသီတတ်စေဖို့ ပျိုးထောင်ပေးမယ်... ချစ်မိတ်ဆွေ မြန်မာမင်းသားလေး တစ်ယောက်ရဲ့ ကကွက်လေးတွေကို ကြိုက်သလား လို့မေးရင် သင်ဘယ်လိုဖြေမလဲ

ဖြစ်ချင်တာ

တကယ်လို့သာ

အခွင့်ရခဲ့မယ်ဆိုရင်ပေါ့... အွန်လိုင်းပေါ်က လေ့လာစရာတွေကို လွတ်လပ်စွာ သေချာလေ့လာ ချင်တယ်၊ တာဝန်တွေ ၀တ္တရားတွေကို ခနဖြုတ်ထား၊ သင်ချင်တာတွေသင်ယူအုံးမယ်... ပြီးရင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးချင်တယ်..

အမှားပေါင်းများစွာ

ဒီနေ့တစ်နေ့လုံး ဘလော့ဂ်အမှားတွေကို ဖွေရှာရင်း

နဲ့ပဲ အချိန်ကုန်ခဲ့တယ်၊ ဒါပေမယ့် အမှားပေါင်း များစွာထဲက အသိ အတွေ့ကြုံလေးတွေလည်း ရလိုက်တယ်.. ရှေးလူကြီးတွေ အဆိုအတိုင်းဆိုရင်တော့ ပျက်အစဉ်ပြင်ခနပေါ့..၊ ပြင်လိုက်တိုင်း အတွေ့အကြုံလေးတွေ ရလာမယ်။ အတွေ့အကြုံထဲမှာ သင်ခန်းစာတွေ ပါလာတယ်. သုံးသပ် တတ်မယ် လိုက်နာတတ်မယ် ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှားတွေပေါ့၊ ဒါမှမဟုတ်ရင်တော့ ဇွဲလုံ့လ၀ီရိယနဲ့အရင်းခံပြီး လုပ်တဲ့ အလုပ်က ပေးသော ဆုလာဘ်တွေပဲပေါ့နော်...









ပန်း



ပန်းကလေးတွေဟာ....
နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်များစွာနဲ့ လောကကို အလှဆင်နေကြတဲ့ အရာလေးတွေပေါ့...

အဆင်းကောင်း၊ ရနံ့ကောင်း ၊ ၀တ်ရည်ကောင်း သုံးမျိုးမှာ သုံးမျိုးစလုံးကို ပိုင်ဆိုင်မယ်၊ ဒါမှမဟုတ် တမျိုးမျိုးကို တော့ ပန်းတိုင်း ပိုင်ဆိုင်ကြပါတယ်...၊ မြတ်စိန္တေထံ ဆပ်ကပ်ဖို့ ပန်းလေးတွေရှိရမယ်..လောကကြီး အလှဆင်ဖို့ ပန်းလေးတွေရှိရမယ်၊ ချစ်တဲ့သူဆင်မြန်းဖို့ ပန်းလေးတွေရှိရမယ်...၊ ငေးမောအပန်းဖြေဖို့ ပန်းလေးတွေရှိရမယ်..၊ ပန်းကလေးတွေသာမရှိရင် လောကကြီးရဲ့ရုပ်သွင်ဟာ မတွေးဝံ့စရာ ပုံပျက်ပန်းပျက် ဖြစ်သွားမှာပဲ

မြန်မာသံစဉ် ချိုနားဝင်

ကျွန်တော်ငယ်ငယ်ကတည်းက မြန်မာတေးတွေကိုနှစ်သက်တယ်....

ကျွန်တော်ငယ်ငယ်ကတည်းက မြန်မာတေးတွေကို နှစ်သက်တယ်ဗျ ... နှစ်သက်တယ် ဆိုရာမှာ နည်းနည်းပါးပါးလောက် ဆိုတာညည်းတာမျိုးမဟုတ်ဘဲ တော်တော်လေးကို အရူးအမူး စွဲလန်းစွာသီဆိုလေ့ ရှိတယ်... အိမ်မှာနေရင်း ...၊ ကျောင်းမှာစာရေးရင်း..၊ နေရာတကာမှာဗျာ..... သီချင်းဆိုနေလေ့ရှိတယ်.. ပြီးတော့ မြန်မာသံကိုမှ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် ရှိတယ်... တွံတေးသိန်းတန် သီချင်းတွေဆို အကုန်နီးပါး ကြိုက်တယ်... ကိုတင်လှိုင်၊ မာမာအေး၊ ချိုပြုံး၊ စန္ဒရားချစ်ဆွေ၊ ကိုမင်းနောင်... အများကြီးပါပဲဗျာ.. အခုတော့ အေးအေး ဆေးဆေး ရှိတဲ့အချိန်လေးတွေမှာနားထောင်ဖို့ သီချင်းလေးတွေ စုမယ်လေ.. အရင်ဆုံး ကိုယ့်ဆီ ရှိတာလေးတွေကို ရောက်ရာ အင်တာနက်ရှိတဲ့နေရာက နားထောင်လို့ရအောင် လုပ်ထားရမယ်ပေါ့ စဉ်းစားမိတာပါ... ဒီမနက်တော့ သီချင်းလေးပုဒ် တင်ဖြစ်ခဲ့တယ်... ကိုမင်းနောင်ရဲ့ ဂျင်မလေးဂျမ်းချစ်မိုးကြီးမာနရှင် နဲ့ ဂုဏ်မြင့်သူ ။ အိုကေ.. ဒီလောက် ဆိုရင်တော့ တော်လောက်ပြီ ကွန်ပျူတာကို ဒီထက်ပိုကျွမ်းကျင်အောင် လုပ်ရအုံးမယ်... ဒါမှ ကျွန်တော် လုပ်ချင်တာတွေ လုပ်နိုင်မှာ ချစ်မိတ်ဆွေ.... ဦးမင်းနောင်ရဲ့ သီချင်းလေးတွေကို နားထောင်ကြည့်ပါလားဗျာ...

မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ၀ါဆိုလဆုတ်...

မြန်မာသက္ကရာဇ် ၁၃၆၉နှစ်၊ ၀ါဆိုလဆုတ် (၆) ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၇ ခုနှစ် သြဂုတ်လ (၄) ရက် စနေနေ့ နံနက် ၀၀ နာရီ ၁ မိနစ်တွင် စီခရေဇီ၏ ကိုယ်ပိုင်ကမ္ဘာသစ်ဖြစ်သော လွတ်လပ်သော ပန်းဝတ်လွှာ နိုင်ငံတော်ကို စတင်ထူထောင်လိုက်သည်။ ပန်းဝတ်လွှာ နိုင်ငံတော်ကို အနုအလှ သမုဒယကဗျာ လေးများ.. အနုအလှ သုခုမ ထံတျာတေးများ... ပြုပြုသမျှ လူ့ဒဿနများ၊ ငြိမ်းချမ်းသော ယဉ်ကျေးသော မြန်မာဆန်သော အတွေးလေးများနဲ့ တည်ထောင်ခြင်းဖြစ်ပြီး ၀င်ရောက် ကြည့်ရှုသူချစ်မိတ်ဆွေများကို ဘယ်အချိန် ဘယ်အခါမဆို နွေးထွေးပျူငှာစွာ ကြိုဆိုနေမည်ဖြစ်ပါသည်....